ကမ္ဘာ​ဦး 48:1-7 BJB

1 နောက်တဖန်ယောသပ်သည် အဘနာကြောင်းကိုကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့် ဧဖရိမ်ကိုယူ၍သွား၏။

2 သားယောသပ်လာကြောင်းကို ယာကုပ်သည်ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။

3 ထိုအခါယာကုပ်က၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ကောင်းကြီးပေးတော်မူလျက်၊

4 ငါသည်သင့်ကိုတိုးပွါးများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါငါပေး မည်ဟု မိန့်တော်မူ၏။

5 သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့် ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။

6 နောက်မှသင်ရသောသားတို့သည် သင်၏သားဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။

7 ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။