1 ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလအခါ၊ သင်တို့၌ ဖြစ်လတံ့သောအမှုအရာများကို ငါဟောပြောမည်။
2 ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
3 အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အားအစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုးအထွဋ်ဖြစ်၏။
4 သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
5 ရှိမောင်နှင့် လေဝိသည်ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကိုကြံသည်အတိုင်း ပြီးစီးကြပြီ။