ကမ္ဘာ​ဦး 49:17-23 BJB

17 ဒန်သည် လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာနေ၍၊ မြင်းခြေကိုကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။

18 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။

19 ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။

20 အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့်မည်။

21 နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။

22 ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။

23 လေးသမားတို့သည် သူ့ကိုအငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။