ကမ္ဘာ​ဦး 49:2-8 BJB

2 ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။

3 အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အားအစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုးအထွဋ်ဖြစ်၏။

4 သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။

5 ရှိမောင်နှင့် လေဝိသည်ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကိုကြံသည်အတိုင်း ပြီးစီးကြပြီ။

6 ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့်အသင်းမဖွဲ့ရ။ သူတို့သည်အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍မြို့ကိုဖြိုဖျက်ကြပြီ။

7 သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။

8 အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။