ကမ္ဘာ​ဦး 49:8-14 BJB

8 အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။

9 ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည်ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ်၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။

10 ရှိလောမရောက်မှီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှ၎င်းမရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။

11 မိမိမြည်းကိုစပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကိုအမြတ်ဆုံးသော စပျစ်နွယ်ပင်၌၎င်းချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသောစပျစ်ရည်ဖြင့် လျှော်လိမ့်မည်။

12 သူ၏မျက်စိသည် စပျစ်ရည်နှင့်နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။

13 ဇာဗုလုန်သည် ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။

14 ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။