10 ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
11 ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ်စေ့သော်သေလေ၏။
12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
13 မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
14 ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာတဆယ်စေ့သော် သေလေ၏။
15 မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။
16 ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။