ကမ္ဘာ​ဦး 5:25-31 BJB

25 မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သား လာမက်ကို မြင်လေ၏။

26 လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

27 မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။

28 လာမက်သည် အသက်တရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကို မြင်၍၊

29 ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကို နောဧဟူသော အမည်ဖြင့် မှည့်လေ၏။

30 နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

31 လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ် စေ့သော်သေလေ၏။