ကမ္ဘာ​ဦး 6:1-5 BJB

1 မြေကြီးမျက်နှာပေါ်မှာလူတို့သည်များပြား၍ သမီးများကိုလည်း ရကြသောအခါ၊

2 ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။

3 ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။

4 ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။

5 မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်၊