ကမ္ဘာ​ဦး 8:2-8 BJB

2 နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။

3 ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တရာငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။

4 သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။

5 ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။

6 ထိုမှအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍၊ ကျီးအတကောင်ကို လွှတ်လေ၏။

7 ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။

8 တဖန်မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကိုသိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။