1 တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တဘက်၊ ပါရန်မြို့၊ တောဖလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အားဟောပြောသောစကားများကို ပြန်ရလေသည်မှာ၊
2 ကာဒေရှဗာနာအရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီးကွာသတည်း။
3 မောရှေသည်ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင်ရှိဟုန်ကို၎င်း၊
4 ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာသမလ၊