တ​ရား​ဟော 1:5-11 BJB

5 ပဌမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားသော် မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အားဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊

6 ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ဟောရပ်အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည်ကာလအချိန်စေ့အောင် ဤတောင်၌နေကြပြီ။

7 လှည့်လည်၍ခရီးသွားကြလော့။ အာမောရိတောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်၎င်း သွားကြလော့။

8 ထိုပြည်ကို သင်တို့ရှေ့မှာငါထားပြီ။ ထာဝရဘုရားသည် သင်တို့အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍၊ သူတို့အမျိုးအနွယ်အားပေးမည်ဟု ကျိန်တော်မူသောပြည်ကို ဝင်၍သိမ်းယူကြလော့ဟု မိန့်တော်မူ၏။

9 ထိုအခါသင်တို့အားငါပြောသည်ကား၊ သင်တို့အမှုကို ငါတယောက်တည်း မထမ်းနိုင်။

10 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုများပြားစေတော်မူ၍၊ သင်တို့သည် အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ဖြစ်ကြ၏။

11 သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူပါစေသော။