တ​ရား​ဟော 1:9-15 BJB

9 ထိုအခါသင်တို့အားငါပြောသည်ကား၊ သင်တို့အမှုကို ငါတယောက်တည်း မထမ်းနိုင်။

10 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုများပြားစေတော်မူ၍၊ သင်တို့သည် အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ဖြစ်ကြ၏။

11 သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါစေသော။ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူပါစေသော။

12 သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ထမ်းနိုင်မည်နည်း။

13 ဥာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊

14 သင်တို့က ကိုယ်တော်ပြောသည်အတိုင်းပြုကောင်းပါသည်ဟု ပြန်ဆိုကြ၏။

15 ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသောလူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်းဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော်အရာ၌ခန့်ထား၏။