တ​ရား​ဟော 10:15-21 BJB

15 သို့ရာတွင်ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသောသင့်ကို၊ အခြားသောလူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။

16 သို့ဖြစ်၍သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသောလည်ပင်းမရှိစေနှင့်။

17 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ၊

18 မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသောဘုရားဖြစ်တော်မူ၏။

19 သို့ဖြစ်၍ ဧည့်သည်တို့ကိုချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။

20 သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။

21 ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။