တ​ရား​ဟော 11:1-5 BJB

1 သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထားတော်မူသောပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။

2 သင်၏ဘုရားသခင် ထာဝရဘုရားဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသောလက်ရုံးဆန့်တော်မူခြင်းကို၎င်း၊

3 ထူးဆန်းသောတန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူပြည်သားများတို့အား ပြုတော်မူသောအမှုကို၎င်း၊

4 အဲဂုတ္တုစစ်သူရဲအလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကို၎င်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကို၎င်း၊

5 ဤအရပ်သို့မရောက်မှီ၊ တော၌လှည့်လည်စဉ်တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊