တ​ရား​ဟော 11:27-32 BJB

27 ယနေ့ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းကြီးပေးခြင်း၊

28 သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။

29 သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကိုဧဗလတောင်ပေါ်၌၎င်း တင်ထားရကြမည်။

30 ထိုတောင်တို့သည်ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူသော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ရှိသည်မဟုတ်လော။

31 သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက်နေရကြမည်။

32 ယနေ့ ငါထားသမျှသောစီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။