တ​ရား​ဟော 12:1-6 BJB

1 သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊

2 သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာအရပ်ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။

3 သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကိုမီးရှို့ရမည်။ ထုလုပ်သောဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏နာမကိုပင် ပယ်ရှင်းရမည်။

4 သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊

5 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကိုတည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍လာရကြမည်။

6 ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့် ဆိုင်သောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဘွားသောသားငယ်တို့ကို ဆောင်ခဲ့ရကြမည်။