တ​ရား​ဟော 12:24-30 BJB

24 ထို့ကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

25 သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း၊ အသွေးကို ရှောင်ရမည်။

26 သင်၌ သန့်ရှင်းသောပူဇော်သက္ကာ၊ သစ္စာဂတိအတိုင်းပြုသော ပူဇော်သက္ကာတို့ကိုယူ၍၊ ထာဝရဘုရားရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။

27 အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။

28 သင်၏ဘုရားသခင် ထာဝရဘုရားနှစ်သက်မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။

29 သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊

30 သူတို့သည် သင့်ရှေ့မှာပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူငါပြုမည်ဟု သူတို့ဘုရားဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။