တ​ရား​ဟော 12:7-13 BJB

7 ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။

8 ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဥာဏ်ကိုလိုက်၍ မပြုရကြ။

9 သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။

10 သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်၌နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကိုကယ်နှုတ်တော်မူသဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊

11 နာမတော်ကိုတည်စေဘို့ရာ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ရှိရမည်။ ထိုအရပ်သို့ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရားအားဂတိရှိသည်အတိုင်း၊ မြတ်သောပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။

12 ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသောလေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကိုပြုရကြမည်။

13 တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။