တ​ရား​ဟော 14:4-10 BJB

4 စားရသောတိရစ္ဆာန်ဟူမူကား၊ နွား၊ သိုး၊ ဆိတ်၊

5 သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊

6 ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို စားရသောအခွင့်ရှိ၏။

7 သို့သော်လည်း စားမြုံ့ပြန်သောသား၊ ခွာကွဲပြားသောသားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်၊ အာရနဘက်၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း၊ ခွာမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။

8 ဝက်သည် ခွာကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။

9 ရေ၌နေသော တိရစ္ဆာန်တကာတို့တွင် အယပ်နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ၏။

10 အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ။ သင်တို့၌ မစင်ကြယ်။