တ​ရား​ဟော 15:19-23 BJB

19 သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။

20 ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။

21 ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်းအစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခုရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။

22 သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကိုစားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။

23 သို့ရာတွင် အသွေးကို မစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။