တ​ရား​ဟော 15:7-13 BJB

7 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

8 သင်၏လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။

9 သင့်စိတ်နှလုံး၌ ဆိုးညစ်သောသဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

10 အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသောအခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါနကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူမည်။

11 သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာထား၏။

12 သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။

13 လွှတ်သောအခါ၊ လက်ချည်းမလွှတ်ဘဲ၊