တ​ရား​ဟော 16:1-7 BJB

1 သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညဉ့်အခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောကြောင့်၊ အဗိဗလကိုမှတ်၍၊ သင်၏ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့။

2 ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွားတို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည်။

3 သင်သည် အဲဂုတ္တုပြည်မှထွက်လာသောနေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေးပါသော မုန့်ကို မစားရဘဲ၊ တဆေးမပါသော မုန့်တည်းဟူသော ဒုက္ခမုန့်ကို ခုနစ်ရက်ပတ်လုံးစားရမည်။ အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း။

4 ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါ သောမုန့်မရှိရ။ ပဌမနေ့ညဦးယံ၌ ပူဇော်သောယဇ်၏အသားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။

5 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့်ရှိသည်မဟုတ်။

6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။

7 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ ပြန်သွားရမည်။