တ​ရား​ဟော 16:7-13 BJB

7 သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ ပြန်သွားရမည်။

8 ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။

9 စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သိတင်းလွန်မှ၊

10 သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသောပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။

11 သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။

12 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။

13 စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနစ်ရက်ပတ်လုံး သကေနေပွဲကို ခံရကြမည်။