တ​ရား​ဟော 17:1-6 BJB

1 အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။

2 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော မြို့တို့တွင်၊

3 နေ၊ လ၊ မိုဃ်းကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊

4 သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊

5 ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။

6 သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ။