တ​ရား​ဟော 19:7-13 BJB

7 ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။

8 ယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင်၎င်း၊

9 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အားပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေတော်မူလျှင်၎င်း၊

10 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သောအပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။

11 တနည်းကား၊ မိမိအဘော်ကိုရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊

12 သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။

13 သင်၏မျက်စိသည် သူ့ကိုမသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။