တ​ရား​ဟော 2:1-7 BJB

1 တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်အတိုင်း၊ ငါတို့သည်လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာလှည့်လည်ကြ၏။

2 ထာဝရဘုရားကလည်း၊ သင်တို့သည်ကာလအချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။

3 တဖန် မြောက်မျက်နှာသို့သွားကြဦးလော့။

4 သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာသင်တို့ရှောက်သွားသောအခါ၊ သူတို့ သည်ကြောက်ကြလိမ့်မည်။ ထို့ကြောင့်သတိပြုကြလော့။

5 သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှမပေး။ စိရတောင်ကို ဧသောအားငါအပိုင်ပေးပြီ။

6 သင်တို့သည်စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။

7 သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။