တ​ရား​ဟော 2:3-9 BJB

3 တဖန် မြောက်မျက်နှာသို့သွားကြဦးလော့။

4 သင်သည် လူများတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့နေသော စိရပြည်အနားမှာသင်တို့ရှောက်သွားသောအခါ၊ သူတို့ သည်ကြောက်ကြလိမ့်မည်။ ထို့ကြောင့်သတိပြုကြလော့။

5 သူတို့ကိုအလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အားငါမပေး။ ခြေနင်းရာခန့်ကိုမျှမပေး။ စိရတောင်ကို ဧသောအားငါအပိုင်ပေးပြီ။

6 သင်တို့သည်စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။

7 သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတောကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ဘာမျှမလိုဟု ဆင့်ဆိုရ၏။

8 စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသောအမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန်ဂါဗာမြို့မှသွားသော လွင်ပြင်လမ်းသို့လိုက်ပြီးလျှင်၊ တဖန်လှည့်၍ မောဘတောလမ်းဖြင့်သွားကြ၏။

9 ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အားငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အားမိန့်တော်မူ၏။