တ​ရား​ဟော 21:1-5 BJB

1 သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိလျှင်၊

2 သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာရကြမည်။

3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက်ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူးသေးသော နွားသငယ်ကိုယူ၍၊

4 လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ်သော ချောင်းသို့ဆောင်သွား၍၊ ထိုချောင်း၌ နွားလည်ပင်းကို ဖြတ်ပြီးမှ၊

5 သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။