24 ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သော ကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
25 အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။
26 သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။
27 အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍သတ်သောအမှုနှင့်တူ၏။
28 ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည်တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
29 ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တသက်လုံး မကွာရ။
30 လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။