တ​ရား​ဟော 22:6-12 BJB

6 သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။

7 သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည်။

8 လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ်ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအတားကို လုပ်ရမည်။

9 စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီးနှစ်ပါးစလုံး ပျက်လိမ့်မည်။

10 နွားနှင့် မြည်းကိုဘက်၍ လယ်မထွန်ရ။

11 ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။

12 သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကို ဆွဲရမည်။