တ​ရား​ဟော 23:1-7 BJB

1 ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။

2 မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင် မဝင်ရ။

3 အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင် မဝင်ရ။

4 အကြောင်းမူကား၊ သင်သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ သူတို့သည် မုန့်နှင့်ရေကိုဆောင်၍ ခရီးဦးကြိုမလာကြ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ၊ မေသောပေါတာမိပြည်၊ ပေသော်မြို့၌နေသော ဗောရသားဗာလမ်ကို ငှားကြ၏။

5 သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် ဗာလမ်စကားကို နားမထောင်။ သင့်ကိုချစ်သောကြောင့် ကျိန်ဆဲခြင်းကို သင်၌ ကောင်းကြီးမင်္ဂလာ ဖြစ်စေတော်မူ၏။

6 သင်သည် သူတို့ချမ်းသာ၊ သူတို့စည်းစိမ်ကို တသက်လုံးအစဉ်မပြုစုရ။

7 ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည် သင်၏ညီအစ်ကို ဖြစ်၏။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။