တ​ရား​ဟော 23:14-20 BJB

14 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထို့ကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစုံတခုကို မြင်၍ သင်မှ ရှောင်သွားတော်မမူမည်အကြောင်း၊ သင်၏တပ်သည် သန့်ရှင်းရမည်။

15 မိမိသခင်ထံကပြေး၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင်၌ မအပ်ရ။

16 ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ်၊ သင့်နေရာမြို့ တစုံတမြို့၌ သင့်ထံမှာနေရသော အခွင့်ရှိ၏။ သူ့ကိုမညှဉ်းဆဲရ။

17 ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာမရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။

18 ပြည်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း၍ ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။

19 သင်၏အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။

20 တပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။ သင်သွား၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူမည်အကြောင်း၊ အမျိုးသားချင်း၌ အတိုးယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။