တ​ရား​ဟော 23:21-25 BJB

21 သင်၏ဘုရားသခင် ထာဝရဘုရားအား သစ္စာဂတိထားလျှင်၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည်မပြုဘဲနေလျှင် အပြစ်ရောက်လိမ့်မည်။

22 သစ္စာဂတိမထားဘဲနေလျှင် အပြစ်မရောက်။

23 သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားအား ကိုယ်အလိုအလျောက် သစ္စာဂတိထား၍၊ ကိုယ်နှုတ်နှင့် မြွက်ဆိုသောစကားကိုတည်စေ၍၊ ဂတိရှိသည်အတိုင်း ပြုရမည်။

24 သင်သည် အိမ်နီးချင်း၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရသော်လည်း မသိမ်းမယူရ။

25 အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့် မရိတ်ရ။