တ​ရား​ဟော 26:1-4 BJB

1 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စား၍ နေသောအခါ၊

2 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်းတောင်း၌ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊

3 ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက်၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ်အား ပြောဆိုရမည်။

4 ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည်။