တ​ရား​ဟော 26:5-11 BJB

5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တုပြည်သို့ သွား၍ လူအနည်းငယ်နှင့်တကွ တည်းခိုစဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ၏။

6 အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။

7 ဘိုးဘေးတို့ကိုးကွယ်သောဘုရားသခင် ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသောညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှုတော်မူ၏။

8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဘွယ်သော နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင်၊

9 နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင်၍ ပေးသနားတော်မူ၏။

10 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ပေးသနားတော်မူသောပြည်၌ အဦးသီးသောအသီးကို အကျွန်ုပ်ဆောင်ခဲ့ပါပြီဟု သင်၏ဘုရားသခင် ထာဝရဘုရားအားလျှောက်ဆိုလျက်၊ ထိုအသီးကို သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ရှေ့တော်၌လည်း ကိုးကွယ်ခြင်းကို ပြုရမည်။

11 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်နှင့် သင်၏အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှသောကျေးဇူး၌၊ သင်သည် သင်နှင့်အတူ တည်းခိုသောလေဝိသားမှစ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ခြင်းကို ပြုရမည်။