တ​ရား​ဟော 28:16-22 BJB

16 သင်သည် မြို့၌အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။

17 ခြင်တောင်း၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။

18 သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့်၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့်မည်။

19 မိမိအိမ်ထဲသို့ဝင်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။

20 ထာဝရဘုရားကိုစွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူမည်။

21 သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌စွဲစေတော်မူမည်။

22 ထာဝရဘုရားသည် သင့်ကိုတူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည်မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။