တ​ရား​ဟော 28:44-50 BJB

44 သူသည် သင့်အားချေးငှားသောအခွင့်ရှိလိမ့်မည်။ သင်မူကား၊ သူ့အားချေးငှားသောအခွင့်မရှိရ။ သူသည်ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။

45 သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည်စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။

46 သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။

47 သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊

48 ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည်မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။

49 ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊

50 အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သောလူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။