တ​ရား​ဟော 28:7-13 BJB

7 သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။

8 သင်၏ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာရောက်စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။

9 သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ပညတ်ေတာ်တို့ကိုေစာင့်၍ လမ်းေတာ်သို့မလိုက်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကိုကိုယ်ေတာ်အဘို့ သန့်ရှင်းေသာအမျိုးအစဉ်အမြဲဖြစ်စေေတာ်မူမည်။

10 သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည်သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။

11 ထာဝရဘုရားသည် သင့်အားပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။

12 ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုဃ်းကောင်းကင်ကိုဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အားချေးငှားရသောအခွင့် မရှိရ။

13 ထာဝရဘုရားသည် သင့်ကိုအမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊