တ​ရား​ဟော 30:1-4 BJB

1 သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသောအရာတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့သည် သင့်အပေါ်မှာရောက်၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှင်ထုတ်တော်မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကိုအောက်မေ့လျက်၊

2 သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သားသမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင်၊

3 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်ခံရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည်အကြောင်း၊ သင့်ကိုသနားသဖြင့် တဖန်ပြန်လာ၍၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့်မည်။

4 သင်၏လူအချို့တို့သည် မိုဃ်းကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခင် ထာဝရဘုရားသိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။