တ​ရား​ဟော 30:14-20 BJB

14 တရားတော်သည် သင်စောင့်ရှောက်ဘို့ရာ သင်နှင့် အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်းရှိ၏။

15 ကြည့်ပါတော့၊ အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား၏။

16 သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်းနှင့် သင်ဝင်စားလတံ့သောပြည်၌၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာထား၏။

17 သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊

18 ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ အသက်တာမရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ယနေ့ ငါသတိပေး၏။

19 အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။

20 သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်းနှင့်၎င်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏။