တ​ရား​ဟော 32:27-33 BJB

27 ရန်ဘက်ပြုသောသူတို့သည်ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်၎င်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှမအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။

28 အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။

29 ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။

30 သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ပြေးစေနိုင်မည်နည်း။

31 ငါတို့၏ရန်သူများစီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။

32 သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင်မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသောအပင်၏အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။

33 သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သောမြွေဆိုးအဆိပ် အတောက်ဖြစ်၏။