တ​ရား​ဟော 33:11-17 BJB

11 အိုထာဝရဘုရား၊ သူ၏ဥစ္စာကိုကောင်းကြီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တဘက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။

12 ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။

13 ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသောပြည်သည် အထက်မိုဃ်းကောင်းကင်ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာအားဖြင့်၎င်း၊

14 နေဖြစ်စေသောဘဏ္ဍာ၊ လဖြစ်စေသောဘဏ္ဍာအားဖြင့်၎င်း၊

15 အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင်ထဲကထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊

16 မြေကြီးဘဏ္ဍာစုံလင်ရာအားဖြင့်၎င်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

17 သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသားအထောင်ထောင်ပေတည်း။