တ​ရား​ဟော 4:1-5 BJB

1 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သောစီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။

2 ငါမှာထားသောစကား၌ သင်တို့သည်အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။

3 ထာဝရဘုရားသည် ဗာလပေဂုရကြောင့်ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲကသုတ်သင်ပယ်ရှင်းတော်မူပြီ။

4 သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။

5 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဘို့၊ ငါ၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။