တ​ရား​ဟော 4:12-18 BJB

12 ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။

13 သင်တို့ကျင့်စရာဘို့မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကိုမိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။

14 သင်တို့သည်သွား၍ ဝင်စားသောပြည်၌ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။

15 ဟောအရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊

16 နောက်တဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊

17 မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုဃ်းကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဍာန်၊

18 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဍာန်ရှိသောရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အကြောင်း၊