တ​ရား​ဟော 4:16-22 BJB

16 နောက်တဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊

17 မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန်၊ မိုဃ်းကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဍာန်၊

18 မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဍာန်ရှိသောရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အကြောင်း၊

19 မိုဃ်းကောင်းကင်ကိုမြော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုဃ်းကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကိုဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင်၍မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။

20 သင်တို့သည်ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရားအမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။

21 ထိုမှတပါး၊ ထာဝရဘုရားသည်သင်တို့အတွက် ငါ့ကိုအမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ်တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။

22 သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကိုမကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။