တ​ရား​ဟော 4:28-34 BJB

28 ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။

29 သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။

30 သင်တို့သည် နောင်ကာလ၌ဒုက္ခဆင်းရဲကိုခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ စကား တော်ကိုနားထောင်လျှင်၊

31 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရားဖြစ်တော်မူသောကြောင့် သင်တို့ကိုစွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားကို မေ့လျော့တော်မမူ။

32 ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသောနေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသောကာလပတ်လုံး၊ မိုဃ်းကောင်းကင်တဘက်မှ တဘက်တိုင်အောင်မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှုဖြစ်ဘူးသလော။ ဤကဲ့သို့သောအမှု၏သိတင်းကို ကြားဘူးသလော။

33 ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည်ကြား၍၊ အသက်ချမ်းသာရဘူးသလော။

34 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကိုပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသောလက်ရုံး တော်ကိုဆန့်ခြင်း၊ ကြောက်မက်ဘွယ်သောရူပါရုံတို့ကိုပြခြင်းအားဖြင့်၊ အခြားတပါးသောဘုရားသည်သွား၍ လူတမျိုးထဲကတမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။