တ​ရား​ဟော 5:1-5 BJB

1 တဖန်မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။

2 ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။

3 ထိုပဋိညာဉ်တရားကိုထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသောငါတို့နှင့် ပြုတော်မူ၏။

4 ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။

5 ထိုအခါ သင်တို့သည်မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။