16 သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
17 သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသောသက်သေခံချက်၊ စီရင်ချက်၊ ပညတ်တရားတို့ကို ကြိုးစား၍စောင့်ရှောက်ရမည်။
18 သင်သည်ချမ်းသာရခြင်းငှာ၎င်း၊
19 ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ရန်သူအပေါင်းတို့ကို သင့်ရှေ့မှနှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်မြတ်ကို ဝင်စား၍နေခြင်းငှာ၎င်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်လျောက်ပတ်သောအမှုတို့ကိုပြုရမည်။
20 နောင်ကာလ၌သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
21 သင်က၊ ငါတို့သည်အဲဂုတ္တုပြည်၌ ဖာရောဘုရင်၏ကျွန်ဖြစ်၍နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင် တော်မူ၏။
22 ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သောနိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည်အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ပြုတော်မူပြီးလျှင်၊