တ​ရား​ဟော 6:7-13 BJB

7 ထိုစကားကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။

8 ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။

9 အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။

10 သင်မတည်သောမြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သောအိမ်တို့ကို၎င်း၊

11 သင်မတူးသောရေတွင်းတို့ကို၎င်း၊ သင်မစိုက်ပျိုးသောစပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊

12 ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။

13 သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။