တ​ရား​ဟော 8:2-8 BJB

2 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကိုသိမည်အကြောင်း၊ လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည်။

3 ထိုသို့သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဘူးသောမန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။

4 လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်းမပွန်းမရောင်။

5 အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။

6 သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းသို့လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကိုစောင့်ရှောက်ရမည်။

7 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

8 ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊